#Local_News
Published-27 Setember 2022

 

လာမည့်အောက်တိုဘာလ ၆ ရက်တွင် Yangon Water Bus ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယခင်က Yangon Water Bus ကို အောက်တိုဘာ ၁ ရက်နေ့တွင် ပြေးဆွဲမည်ဟု အသိပေးထုတ်ပြန်ထားပြီး ယခုအခါ ၅နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၆ ရက်နေ့ တွင် ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

Yangon Water Bus ပြေးဆွဲမှုကို(၂၀၁၇)ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြစ်ရှိ ဆိပ်ကမ်း(၇) ခု၌ Water Bus (၅) စီးဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးစဉ်လမ်းကြောင်းမှာ ဗိုလ်တထောင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်းနှင့် အင်းစိန်ဆိပ်ကမ်းအစရှိသည့် ဆိပ်ကမ်းမှတ်တိုင်များတွင် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ရပ်နားထားသည့် YANGON WATER BUS ကို လာမည့် အောက်တိုဘာလတွင် ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်နှင့် အံ့ကြီးမှတ်တိုင်တို့ကို ပမာဏလမ်းကြောင်းအဖြစ် ပြေးဆွဲမည်ဖြစ်ပြီး ငွေပေးချေခြင်းအတွက် KPAY၊ CB PAY၊ WAVE PAY တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အများပြည်သူအပန်းဖြေရန် ခရီးတိုလမ်းကြောင်းများလည်း ၇၅ ရာခိုင်နှုန်း ရေးဆွဲပြင်ဆင်ပြီးဖြစ်ကာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ပြန်လည်ပြေးဆွဲနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Ymg/STH
#Yangon_Media_Group