Published 23 February 2024
ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ဆုရရှိသူ မြန်မာနိုင်ငံသားများ ထိုင်းသို့ ယမန်နေ့ကထွက်ခွာ ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ၌ မြန်မာ့ဂုဏ်ဆောင် မောင်ဘုန်းမော်ရွှေနှင့် မယွန်းနန္ဒာအောင်တို့နှစ်ဦး ဆုရယူရန် UB-017 မြန်မာလေကြောင်းလိုင်း MNA နှင့် ရန်ကုန်လေဆိပ်မှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်းကြီးနှင့် ထိုင်းနိုင်ငံဓမ္မကာယကျောင်းတော်ကြီးတို့ ပူးပေါင်းဆောင်ရွက်သော ပဉ္စမအကြိမ်ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ၂၀၂၃ ခုနှစ်၌ G 10 -12- L3 တွင် အထက( ၅) ကမာရွတ်က Winner ဆုရှင် မောင်ဘုန်းမော်ရွှေနှင့် နှစ်သိမ့်ဆုရကျောင်းသားများအပါအဝင် ဓမ္မကာယကျောင်းတော်ကြီးတွင် လူပေါင်း နှစ်သိန်းကျော်တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ(World peace) အတွက် မြန်မာနိုင်ငံသူ၊ နိုင်သား ၇၉၉ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်၌ စာဖြေဌာန သီရိမဂ်လာမဟာသာသနာဗိမာန်တော်ကြီးအင်းစိန်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ် ဒီဇင်ဘာလတိုင်း ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ(World peace)ကို ကျင်းပပေးလျက်ရှိပြီး (၃၈) ဖြာ သင်ကြားရေးဆရာမကြီးများ အခြေခံပညာကျောင်းများ၊ သက်ဆိုင်ဌာနအဆင့် ခွင့်ပြုချက်ယူပြီး သာသနာပြု သင်ကြားပေးလျက်ရှိပြီး ဆုရရှိသူများကို ထိုင်းနိင်ငံ၌ စားရိတ်ငြိမ်းခေါ်ဆောင်၍ ဆုချီးမြင့်ပွဲတက်ရောက်ရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ၌ ဆုပေးမည့် ဓမ္မကာယကျောင်းတော်ကြီးတွင် အရှေ့တောင် အာရှနိူင်ငံ ၁၁ နိုင်ငံများအနက် မြန်မာ၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ် ၊ နီပေါနိုင်များမှ ဆုရ ကျောင်းသားများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group