#LocalNews
Published- 19 Jan 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ စတင်ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးဖြစ်စဉ်ကာလအတွင်း လုပ်ကြံခံရမှုများကြောင့်သေဆုံးခဲ့ရသည့် ပါတီဝင်များအတွက် အထမ်းအမှတ်ကျောက်တိုင်ကို နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီဌာနချုပ် (USDP) ၌ စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

ရည်ရွယ်ချက်မှာ အဆိုပါဖြစ်စဉ်များကို လက်မခံကြောင်းပြသရန်နှင့် ကွယ်လွန်သွားသည့် ပါတီဝင်များ၊ပါတီထောက်ခံသူများအပေါ် အမှတ်ရနေစေရန် ဖြစ်ကြောင်း USDP ပါတီ ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ သြဂုတ်လအထိ ၇လတာအတွင်းပါတီထောက်ခံသူ ၂၅၃ဦး သေဆုံးခဲ့ရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ထုတ်ပြန်ထားသည်။

ymg/hm