#Local_News
Published- 17 Jan 2022
ယနေ့ မွန်းလွဲ ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ UAB Bank ကို သေနတ်အတုကိုင်ဆောင်ထားသူက သေနတ်နဲ့ထောက်ကာ ငွေများယူဆောင်သွားစဉ် ဘဏ်လုံခြုံရေးဝန်ထမ်းက လုံးထွေးဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။
ဖြစ်စဉ်မှာဇန်နဝါရီလ ၁၇ရက် ယနေ့ မွန်းလွဲ ၁၂နာရီ၁၀မိနစ် အချိန်တွင် လသာမြို့နယ် (၃)ရပ်ကွက် ကမ်းနားလမ်း နဲ့ (၁၉)လမ်းထိပ်၊ ကမ်းနားလမ်းပေါ်ရှိ UAB Bank သို့ အမျိုးသား (၁)ဦးမှ ဝင်ရောက်လာပြီး ဘဏ်လုံခြုံရေး ဦး-------အား သေနတ်နဲ့ထောက်ကာ ငွေများလုယူခဲ့တယ်လို့ သိရပါတယ်။
ယူဆောင်ကာ ပြန်ထွက်ရန် ကြိုးစားစဉ် အဆိုပါလုံခြုံရေးဝန်ထမ်းဦး------က လုံးထွေးဖမ်းဆီးခဲ့ရာ ထွန်းထွန်း (၃၉)နှစ် (ဘ)ဦးထွန်းဝင်း (ကျပန်း၊ အမှတ်-၁၂၃ တာဝရပ်ကွက် သန်လျင်) နေသူအား ပစ္စတိုသေနတ် ကော်သေနတ်(၁)လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လိုသိရပါတယ်။
ymg/hm
#Yangon_Media_Group