#Local_News 
Published- 17 Jan 2022

ဇန်နဝါရီလ ၁၆ရက်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းကွမ်းခြံကွေ့ တွင်လောင်စာဆီတင် ယာဉ်နှစ်စီး တိုက်ခိုက်ခံရကာအဆိုပါ ၂ စီးတွင်ဩရ ကုမ္ပဏီပိုင် တစ်စီးပါဝင်ကာယာဉ်မောင်းမှာ မီးလောင်သေဆုံးသွားတယ်လို့ ကုမ္ပဏီဘက်ကအတည်ပြုပြောဆိုလိုက်ပါတယ်။။
 
အဆိုပါဖြစ်စဉ်အပေါ် ပြောပြစရာစကားလည်းမရှိတော့ပါ။ သတင်း အမှန် မထုတ်ပြန်ရင်လဲ အများပြည်သူ အသိလွဲမှာမို့ ထုတ်ပြန်ရခြင်းပါ။ ယနေ့၊ နေ့လည် 12:45 pm မြဝတီတောင်ပေါ်လမ်း (ကွမ်း သီးခြံအတက်) ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ရေနံဓာတ်ငွေ့ရည်(LPGas) အများပြည်သူတွေ ထမင်းချက်တဲ့ ဂက်စ်၊ ဘယ်သူတွေသုံးဖို့လည်းဆိုတာ၊ အတန်တန်ရှင်းပြထားရက်နဲ့ မီး လောင်သွားသည့် (ယာဉ်မောင်းသေဆုံး) ကားသည် AwRa (ThaiGas) ၏ ကားဖြစ်ပြီး၊ မီးမလောင်သော်လည်း(ယာဉ်မောင်း အနီးကပ်ပစ်သတ်ခံရ) ကားမှာ၊ မော်လမြိုင်မြို့ ဂက်စ်ကုမ္ပဏီတစ်ခုမှ ကားဖြစ်ပါတယ်။ ယာဉ် ၂ စီး လုံးဟာ ရေနံဓာတ်ငွေ့ရည် LPGas တင်ဆောင်လာတာသာဖြစ်ပြီး၊ မည်သည့် လေယာဉ်ဆီ/စက်သုံးဆီ မှ တင်ဆောင်လာခြင်းမရှိပါ။ ယာဉ်မောင်းတွေက လည်း သူတို့ မိသားစုရဲ့ အိမ်ထောင်ဦးစီးတွေပါ။ လူသားအချင်းချင်း ရက်စက် ကြမ်းကြုတ်မှုက ပြောပြစရာ စကားလုံးကိုမရှိတော့ပါ " လို့ ဩရ ကုမ္ပဏီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပေါ်တွင် အဆို ပါ ကုမ္ပဏီပိုင် ဆီဘောက်ဆာကားတစ်စီး မှားယွင်းပစ်ခတ်ခံခဲ့ရပါတယ်။

ymg/hm


#Yangon_Media_Group