#LocalNews
Published -16 Jan 2022
ရုရှားနိုင်ငံမှ ဝယ်ယူထားတဲ့ Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂,၀၀၀ မှာ ဇန်နဝါရီလ ၁၆ ရက်နံနက် ၅ နာရီ က QATAR လေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှ ထုတ်လုပ်တဲ့ Sputnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရန်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ဝယ်ယူထားသော Sputnik Light ကိုဗစ်ကာကွယ်ဆေး Doses (၁)သန်းအား ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ (၂)ကြိမ်ခွဲပြီး ပို့ဆောင်ပေးခဲ့ရာ ပထမအသုတ် ကာကွယ်ဆေး Doses ၄၈၈,၀၀၀ ကို ဇန်နဝါရီ ၁၃ ရက် နေ့တွင်လည်းကောင်း ဒုတိယသုတ် ကာကွယ်ဆေး Doses ၅၁၂,၀၀၀ကို ဇန်နဝါရီ ၁၆ ရက် တွင် ထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှာထားရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
YMG/hm
#Yangon_Media_Group