#Local_News
Published_ 16 January 2023

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဖွဲ့စည်းထားကြောင်း နိုင်ငံတော်ပြန်တမ်းအရ သိရသည်၊၊

 

အဆိုပါ SME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတွင် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးက ဥက္ကဌအဖြစ်ဦးဆောင်ပါဝင်ပြီး သက်ဆိုင်ရာဌာနတွေက အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်စုစုပေါင်း(၂၄)ဦး ပါဝင်ဖွဲ့စည်းထားသည်၊၊

 

အေဂျင်စီ၏ ရုံးလုပ်ငန်းများကို စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအကောင်အထည်ဖော်ရန်၊ လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ပတ်လည်တိုးတက်မှုဆိုင်ရာအစီရင်ခံစာတင်သွင်းရန်၊လုပ်ငန်းအခက်အခဲများ၊လိုအပ်ချက်များလျော့နည်းအောင် ကူညီပံ့ပိုးရန်၊ ဒေသဆိုင်ရာအေဂျင်စီရုံးခွဲများတည်ထောင်ပြီး တစ်နေရာတည်းဝန်ဆောင်မှုပေးသည့် အဖွဲ့ငယ်များတည်ထောင်နိုင်ရန်ညှိနှိုင်းဆောင်ရွက်ခြင်း၊SMEလုပ်ငန်းများဆိုင်ရာ ဥပဒေပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအပါအဝင်SMEလုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာများ၊မှတ်ပုံတင်ခြင်းဆိုင်ရာများ၊အငြင်းပွားဖွယ်ကိစ္စရပ်များဆိုင်ရာများ၊ ပြည်ပအဖွဲ့အစည်းများ၊အေဂျင်စီများနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ပြပွဲဆိုင်ရာများစသည့် ကိစ္စရပ်များကို ယခုဖွဲ့စည်းထားသည့် SME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

#ymg/tthl
#Yangon_Media_Group