#Local_News
Published_ 19 May 2022

မန္တလေးတိုင်းဒေသကြီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) ၃ ရွာ ရွေးချယ် အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြိုပြုဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးစသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

SMART Village များပေါ်ပေါက်လာရေး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန ၃ ခုတိုက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေတွင် ကျေးရွာ ၃ ရွာရွေးချယ်၍ စတင်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကျေးရွာ ၉ ရွာ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group