#Local_News
Published _ 15 November 2022

 

လက်ရှိ အတက်အကျမငြိမ်သည့် ဒေါ်လာဈေးကြောင့် အဆိုပါဈေးအပေါ်မူတည်၍ ဖြစ်ပေါ်နေသည့် ဖုန်းအသစ်ဈေးလည်း မြင့်တက်နေသည့်အတွက် တစ်ပတ်ရစ်ဖုန်း(second-hand) များသာ အဝယ်လိုက်လာ ကြောင်း (second- hand)ဖုန်း အရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။

 

"အခုလက်ရှိတော့ ဆိုင်မှာ တစ်ပတ်ရစ်က အရောင်းပိုဖြစ်နေပါတယ်။ ဆိုင်အနေနဲ့တော့ အဝယ်က သိပ်မရှိပါဘူး၊ ရံဖန်ရံခါပါပဲ" ဟု 21 Mobile ၏ တာဝန်ရှိသူက ဆိုသည်။

 

ဖုန်းအသစ်ဈေးများကို ဒေါ်လာငွေလဲနှုန်းပေါက်ဈေးဖြင့် ဝယ်ရသောကြောင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ဈေးအပြောင်း အလဲရှိနေသည့်အတွက် ဝယ်ယူသူများအနေဖြင့် ဈေးအနည်းငယ်ပိုသက်သာသည့် second hand ဖုန်းများကိုသာ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။

 

"အခု ဖုန်းအသစ်ဈေးတွေက အရင်ထက်နှစ်ဆလောက်မြင့်နေတဲ့အတွက် ဖုန်းဝယ်မယ်ဆိုရင် သာမန်ဝန်ထမ်းတယောက်အနေနဲ့ second hand လောက်ပဲ ကိုင်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်နေတာပေါ့နော်၊ အဲ့တာကြောင့် ဖုန်းဝယ်ဖို့စဉ်းစားလိုက်ရင် အသစ်ထက် အဲ့ဒါကိုပိုဝယ်ဖို့ အားသန်နေပါတယ်" ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် မစောမြက ဆိုသည်။

 

တစ်ပတ်ရစ်ဖုန်း ဖုန်းအရောင်းအဝယ်ပြုလုပ်ကြရာ၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။

 

#Ymg/NN
#Yangon_Media_Group