#Local_News
Published_ 26 September 2023

Online မှ စျေးရောင်းချသူများအနေဖြင့် အောက်တိုဘာ ၂ရက်မှစ၍  မှတ်ပုံတင်နိုင်ပြီး ဒီဇင်ဘာလလကုန်အထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မှတ်ပုံတင်သူများအတွက် Online Registration ပြုလုပ်မည်ဆိုပါက မိမိလုပ်ငန်းအမည်၊ Logo၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့်အတူလျှောက်ထားရမည်ဖြစ်ပြီး Online Application Form ကြေး ၄၀၀၀ ကျပ်ခန့် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

 

မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်းဖြန့်ဝေရောင်းချသည်ဖြစ်စေ၊ ပြန်ယူရောင်းချသည်ဖြစ်စေ Online ဖြင့် အသုံးပြုသူများ အားလုံးမှတ်ပုံတင်ရမည်ဖြစ်ပြီး မိမိလုပ်ငန်းက အခြားအခွန် ၊ စည်ပင်လိုင်စင်ဆောင်ရွက်ထားလျှင်လည်း မှတ်ပုံတင်ရမည်ဟု သိရသည်။

 

ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ Online မှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရသည်။

 

မိမိရောင်းချမည့် ကုန်ပစ္စည်း ၊ ဝန်ဆောင်မှုလုပ်ငန်းများသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ငန်းများ အတွက်သာ ခွင့်ပြုပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

 

Photo - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

#Local_News #Onlineမှစျေးရောင်းချသူများ #မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်
#Yangon_Times/PP