#Local_News
Published_ 26 September 2023

မကွေးတိုင်း၊ နတ်မောက်လမ်းမတွင် အမျိုးသားတစ်ဦး ဦးနှောက် ပွင့်ထွက်၍ဒဏ်ရာများစွာဖြင့်သေဆုံးနေမှု ယမန်နေ့ညကဖြစ်ခဲ့ကြောင်း ရောင်စုံ မေတ္တာလူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဥ်မှာမကွေးမြို့နယ်၊ နတ်မောက်လမ်း ၊ ညောင်ကန်ရွာနှင့် တည်ပင်ကန်ပေါက်ရွာကြားတွင်ကားကြိတ်ခံထားရသည်ဟုယူဆရသောဦးခေါင်းပွင့်ထွက်၊ ဘယ်ခြေထောက်ကျိုုး၊ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံး ပွင့်ထွက်၊ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများဖြင့်အမျိုးသားတစ်ဦးသေဆုံးနေမှု စက်တင်ဘာလ ၂၅ရက် ည ၁၁နာရီ ၄၇ မိနစ်ကဖြစ်ခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး လိုအပ်သောစစ်ဆေးချက်များရယူနိုင်ရန်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ဒဏ်ရာများဖြင့်သေဆုံး #မကွေးတိုင်း
#Yangon_Times/PP