#LocalNews
Published_1 September 2022

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး ဖားအံတောင်ကလေး အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

 

ယင်းတို့မှာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေး၊ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင် တို့ဖြစ်ပြီး ၅၀၅ (ခ) နှင့် ထောင်ဒဏ်၂ နှစ် ကျခံနေရာမှ သတ်မှတ်လွတ်ရက်စေ့ပြီ ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းတို့ ၃ ဦးအနေဖြင့် ၂၀၂၁ခုနှစ် ၊ ဖေ‌ဖေါ်ဝါရီလ ၂၆ ရက် နံနက်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group