#Local_News
Published 17 November 2026
■ ကျောင်းသားဗဟိုပြုသင်ကြားသင်ယူမှု အကောင်အထည်ဖော်ရေး၊ဆရာ့ကျင့်ဝတ်နှင့်စံနမူနာကောင်းများထိန်းသိမ်းရေးများလိုက်နာရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က ပညာရေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို ဩဝါဒစကားပြောကြားခဲ့ကြောင်းသိရသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့်စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှပညာရေးဘွဲ့သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ၏ ဩဝါဒခံယူပွဲကိုယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ Naypyitaw State Academy၌ကျင်းပပြုလုပ်သည်။
■ နိုင်ငံတော်သမ္မတကဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းခွင်ရောက်ရှိသည့်အခါပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့်သင်ကြားရေးအတွေ့အကြုံများမြှင့်တင်ရေး၊ကျောင်းသားဗဟိုပြုသင်ကြားသင်ယူမှု အကောင်အထည်ဖော်ရေး၊ဆရာ့ကျင့်ဝတ်နှင့်စံနမူနာကောင်းများထိန်းသိမ်းရေး၊လုပ်ငန်းခွင်အတွင်းပူးပေါင်းဆောင်ရွက်မှုနှင့်တာဝန်ယူမှုရှိရေး၊ဥပဒေ၊နည်းဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများလေးစားလိုက်နာရေးစသည့်အချက်(၅)ချက်ကိုအထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
■ ထိုပြင်“ဆရာကောင်းမှတပည့်ကောင်းမည်၊တပည့်ကောင်းမှလူ့အဖွဲအစည်းကောင်းမည်၊လူ့အဖွဲအစည်းကောင်းမှ အနာဂတ်ကောင်းကိုတည်ဆောက်နိုင်မည်”ဟူသည့်ယုံကြည်ချက်ဖြင့်ပညာရေးတာဝန်များကိုဂုဏ်ယူစွာ၊ကျေပွန်စွာထမ်းဆောင်ကြရန်တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times