#Local_News
Published 30 July 2026

■ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးရှိ ပြည်ထောင်စုဂုံးတံတားပေါ်တွင် ယနေ့ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီ ၄၈ မိနစ်ခန့်က YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

■ အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အမြန်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၇ မိနစ်တွင် မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

■ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ မီးလောင်ရသည့်အကြောင်းရင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times