#Local_News
Published 02 October 2026
■ India Myanmar Chamber of Commerce (IMCC) နှင့် Myanmar Women Entrepreneurs Network (MYANWEN) တို့အကြား အိန္ဒိယ-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်သွယ်ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ MYANWEN ရုံးချုပ်၌ ကျင်းပခဲ့သည်။
■ အဆိုပါအခမ်းအနားကို M Tower (Office Tower)၊ အခန်း ၆၀၇၊ ဆဋ္ဌမထပ်ရှိ MYANWEN ရုံးချုပ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး IMCC နှင့် MYANWEN တို့မှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် MYANWEN ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် MYANWEN နှင့် IMCC တို့မှ တာဝန်ရှိသူများက အသီးသီး မိတ်ဆက်နှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် MYANWEN ၏ လှုပ်ရှားဆောင်ရွက်မှုများကို မိတ်ဆက်ပေးသည့် Activity Video ကိုပြသခဲ့သည်။
■ ဆက်လက်၍ IMCC ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya က အမှာစကားပြောကြားရာတွင် IMCC ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် နှစ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရေး၏ အရေးပါမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
■ ထို့နောက် အခမ်းအနား၏ အဓိကအစီအစဉ်ဖြစ်သည့် IMCC နှင့် MYANWEN တို့အကြား MOU လက်မှတ်ရေးထိုးခြင်းကိုဆောင်ရွက်ခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများက ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြသည်။
■ အဆိုပါ MOU လက်မှတ်ရေးထိုးမှုသည် အိန္ဒိယ-မြန်မာ စီးပွားရေးဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနှင့် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံတကာစီးပွားရေးကဏ္ဍနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် အစီအစဉ်တစ်ရပ်ဖြစ်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times