#Local_News
Published 13 September 2025

▪️ ကိုဗစ်ကာလမှစတင်ကာ ရပ်နားထားသည့် "Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး)ကို ယနေ့ပြန်လည်ဖွင့်လှစ် လိုက်ပြီရာ အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)မှ သိရသည်။

▪️ အဆိုပါ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို ယခင် နေရာ ဖြစ်သည့် ရန်ကုန်မြို့ရှိ မြေပဒေဿာကျွန်း၊ ကန်တော်ကြီးတွင် ပင်ပြန်လည် ဖွင့်လှစ်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

▪️ ပြန်လည်ဖွင့်လှစ်လိုက်သည့်ဈေးတွင် ဩဂဲနစ်၊ GAP နှင့် သဘာဝနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ၊ ဟင်းသီးဟင်း ရွက်များ၊ ထုတ်ကုန်များစုံလင်စွာ ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times