#Local_News
Published 05 August 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့်ထိုင်းဘတ်သန်း (၅၀) ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေထုတ်ရောင်းပေးရာတွင် ဇွန်လ ၁၆ ရက်၌ အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့်ဇူလိုင်လ ၂ ရက်၌ တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များသို့နိုင်ငံခြားငွေများရောင်းချပေးခြင်းအပြင် စက်သုံးဆီလုပ်ငန်းရှင်များအတွက်လည်း ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင် ၂၈ ရက်အထိ လေးလနီးပါးတွင် ဒေါ်လာ ၄၅၇ သန်းနှင့် ထိုင်းဘတ်သန်း (၂၀၀) အထိ ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ဗဟိုဘဏ်၏ နိုင်ငံခြားငွေများ ရောင်းချပေးနေသည့် FX Online Trading Platform တွင် နိုင်ငံခြားေငွေရာင်းချမှု ယနေ့ ပေါက်ဈေးမှာအမေရိကန်တစ်ဒေါ်လာ ၃၆၂၂ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၄ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၃ ကျပ် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times