#Local_News

Published 05 August 2025

▪️ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာသစ် (၄)ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) က အတည်ပြုထုတ်ပြန်ထားသည်။

▪️ ပြီးခဲ့သည့် ဇူလိုင်(၂၇)ရက်ကနေ ဩဂုတ်(၃)ရက်နေ့အတွင်း စစ်ဆေးချက်များအရ ကိုဗစ်-၁၉ရောဂါ ဓါတ်ခွဲအတည်ပြုလူနာသစ်(၄)ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓါတ်ခွဲနမူနာစုစုပေါင်း(၁၁၁၈)ခုကို စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ( ၀.၃၆)ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ စစ်ဆေးတွေ့ရှိသည့်လူနာများတွင်လက်ရှိအချိန်ထိ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#YMG/SW #Yangon_Times