#Local_News
Published 21 November 2025

■ နေပြည်တော်တွင် ကျင်းပမည့်၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင်များစတင်ခေါ်ယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

■ အဆိုပါ အကယ်ဒမီဗန်းကိုင်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အမျိုးသား၊အမျိုးသမီးများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခုလ၂၄ရက်မှစတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို ဒီဇင်ဘာလ၅ရက်နောက်ဆုံးထားပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။

■ အကယ်ဒမီဗန်းကိုင်အဖြစ်လျှောက်ထားလိုသူများသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၃၁ရက်တွင် အသက်၁၆နှစ်ပြည့်ပြီးသူနှင့် အသက်၂၅နှစ် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်မရှိသူ လူပျို/အပျိုဖြစ်ရမည်ဖြစ်ကြောင်း၊အမျိုးသမီးအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၂လက်မမှ ၅ပေ ၈လက်မအတွင်း၊ အမျိုးသားအရပ်အမြင့်မှာဖိနပ်မပါ ၅ပေ ၆လက်မမှ ၆ပေ အတွင်းရှိရမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times