#Local_News
Published 21 November 2025
▪️ ရန်ကုန်မြို့တွင် ပြုလုပ်မည့် Colours of Myanmar ပန်းချီပြပွဲ၌ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ " Colours of Myanmar" ပန်းချီပြပွဲကြီးတွင်
မြန်မာ့ပန်းချီအနုပညာ၏ အလှတရားများနှင့် ရှုမြင်လေ့လာမြန်မာ့အနုပညာ ကိုလေ့လာနိုင်မည်ဖြစ်ကာ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ Times City Complex ရှိ Times City Convention Center တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် အငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပန်းချီပြပွဲကြီးလည်းဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနှင့် ခေတ်ပြိုင်အနုပညာရှင်များ၏ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းတွင် ကြည့်ရှုခံစားနိုင် မည်ဖြစ်ပြီး ပန်းချီဆရာကြီးများ၏ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီ ကေးချား(Caricature) ရေးဆွဲခြင်းများ၊ မိမိစိတ်ကူးရှိသကဲ့သို့ ပန်းချီပိတ်ကားချပ်ပေါ်တွင် အပျော်တမ်းပန်းချီ ရေးဆွဲ ဖန်တီးထားသော လက်ရာများကို အိမ်သို့ အမှတ်တရပြန်လည်ယူဆောင်နိုင်ခြင်းအပြင် အနုပညာမြောက် အစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။
▪️ ယင်းအပြင်မြန်မာ့အနုပညာနှင့် ဆက်စပ်သည့် ပစ္စည်းများကိုခင်းကျင်းပြသရောင်းချနိုင်ရန် နေရာများစီစဉ်ပေးထားပြီး ပါဝင်ပူးပေါင်းလိုသည့် လက်မှုအရောင်းဆိုင်များကိုပါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times