#Local_News
Published 29 May 2026

■ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် အမျိုးသား၄၅ဦး နှင့်အမျိုးသမီး ၃၀ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

■ နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်း ဖြစ်သည်။
 
■ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် ယမာန်နေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။
 
■ နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ထိုသို့ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times