#Local_News
Published 23 June 2026

■ အထောက်အထားများ တင်ပြနိုင်ခြင်းမရှိသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားမှတ်ပုံတင်ဆောင်ရွက်ပေး၍မရကြောင်း ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောသည်။

■ ယမာန့်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ငွေ သတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဟေသားကြီး၏ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြန်လည်ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ လုပ်ပေးနိုင်ပါက ဘယ်ချိန်ကာလတွင် စတင်ပြုလုပ်ပေးမည် နှင့်မလုပ်ပေးနိုင်ပါက အဘယ်ကြောင့်မလုပ်ပေးနိုင်ခြင်းကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

■ ထိုသို့ပြောကြားရာတွင်မြန်မာနိုင်ငံအတွင်းရောက်ရှိနေသော တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များသည် ဥပဒေနှင့်မညီသည့်အတွက် အထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး၍မရပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times