#Local_News
Published 13 January 2025

▪️ ကျေးဇူးတော်ရှင်ဝင်းစိန်တောရဆရာတော်ဘုရားကြီး၏သက်တော်(၁၀၅)နှစ်မြောက် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲကို ပြာသိုလပြည့်ကျော် ၁၀ ရက်နေ့က မွန်ပြည်နယ်
မုဒုံမြို့ရှိ ဝင်းစိန်တောရ၌ ကျင်းပနေကြောင်းသိရသည်။

▪️ အဆိုပါ မွေးနေ့အလှူတော်မဂ်လာပွဲ၌ ကျေးရွာအလိုက် စတုဒီသာမဏ္ဍပ်ပေါင်း ၄၆ ခု ဖြင့် ကျွေးမွေးခဲ့ရာ လာရောက်သူများသိန်းချီ၍ များပြားခဲ့ကြောင်း သိရသည်။

▪️ မွန်-ဗမာ လူမျိုးဖြစ်သူဝင်းစိန် ဆရာတော်ဘုရားကို ဇန်နဝါရီ ၂၂၊ ၁၉၂၂ မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ဝ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၌ မွေးဖွားခဲ့ပြီး ဧပြီ ၂၆၊ ၂၀၁၅ (အသက် ၉၃) မြန်မာသက္ကရာဇ် ၁၃၇၇ ကဆုန်လဆန်း ၉ ရက် နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ပျံလွန်တော်မူခဲ့သော်လည်း ဆရာတော်ဘုရားကြီး၏ မပုတ်မသိုးရုပ် ခန္ဓာ အား စံကျောင်းတော်တွင်ထားရှိရာ ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမျှော်လျှက်ရှိကြောင်းသိရသည်။

▪️ ထို့အပြင် နာယကဆရာတော် ဘဒ္ဒန္တသောဟုလာ (ခ) ဦးဇင်းလေးကိုအမှူးထား၍
ရပ်ဝေး၊ရပ်နီးမှ တပည့်ဒါယိကာ ၊ဒါယိကာမများမှလည်း နှစ်စဉ် မွေးနေ့အလှူတော်မဂ်လာများကိုကျင်းပပေးလျှက်ရှိရာ လာရောက်ဖူးမျှော်သူများနှင့်စည်ကားများပြားလေ့ရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times