#Local_News
Published 13 January 2025

■ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တော်အနီး အီလ်ဆန်မြို့တွင်ပြုလုပ်မည့်
“နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာပစ္စည်းများပြပွဲ ဂိုယန်း၊ ကိုရီးယား ၂၀၂၆” ပြပွဲ တွင် ပါဝင်ပြသရန် စိတ်ပါဝင်စားသူများအား ဖိတ်ကြားထားကြောင်းသိရသည်။

■ အဆိုပါ “နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများပြပွဲ ဂိုယန်း၊ ကိုရီးယား ၂၀၂၆” ပြပွဲကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တော်အနီး အီလ်ဆန်မြို့ရှိ llsan Lake Park တွင် ဧပြီ (၂၄) ရက်နေ့ မှ မေလ(၁၀)ရက်နေ့ အထိကျင်းပပြုလုပ်မည် ဖြစ်သည်။

■ ယင်းပြပွဲတွင် ပါဝင်ပြသရန် မြန်မာနိုင်ငံမှ ပါဝင်ပြသရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှဖိတ်ကြား
လာ ကြောင်းသိရသည်။

■ အဆိုပါပြပွဲရှိ နိုင်ငံအလိုက်ပြခန်း (National Pavillian) များတွင် မြန်မာနိုင်ငံမှပါဝင်ပြသရန် MFVP အသင်းဝင်များနှင့် စိတ်ပါဝင်စားသူများအား ထပ်ဆင့်အသိပေး ဖိတ်ကြားထားကြောင်း သိရသည်။

#YMG/NN #Yangon_Times