#Local_News
Published 23 September 2025

▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့၊ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

▪️ ၂၃.၉.၂၀၂၅ရက်နေ့၊နံနက် ၀၄ နာရီ၀၅မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး ထွက်ခွာကယ်ဆယ်ခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

▪️ နံနက်၀၄နာရီ ၃၅ မိနစ်အချိန်တွင် ကားအတွင်းညှပ်နေသော လူနာအား ကယ်ထုတ် ပြီးစီးခဲ့ကြောင်း၊အဆိုပါယာဉ်တိုက်မှုကြောင့် ကျား(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား တာမွေကွန်ယက် ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေး ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times