#Local_News
Published 23 September 2025

▪️ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင်AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရရှိခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We Are Genius MYANMAR အသင်းသည် AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့‌ကြောင်းသိရသည်။

▪️ အဆိုပါပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့်အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။

▪️ ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့်နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့‌သည်။

▪️ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times