#Local_News
Published 24 June 2026

■ ရွှေစာရံ - အောင်ပင်လယ် ဓာတ်အားလိုင်း Switchbay ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မန္တလေးရှိ မြို့နယ်‌ေလးမြို့နယ်ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။

■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတတည်ငြိမ်စွာ စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ Main ထရန် စဖော်မာများနှင့် Switchbay များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာယခုအခါ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း Switchbay များကို ထိန်းသိမ်းပြုပြင်ရန်နှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံနှင့် မြောက်ပြင်ပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချွတ်ယွင်းကြွေသီးတွဲများ လဲလှယ်ခြင်းလုပ်ငန်းများကို ဇွန် ၂၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းသိရသည်။

■ ထိုသို့လုပ်ငန်းဆောင်ရွက်စဉ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times