#Local_News
Published 17 October 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ယာဉ်(၂)စီးတိုက်မိ၍ တစ်ဦးေ-သဆုံးကာ
တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၁၆ ရက်နေ့၊ညနေ ၆နာရီ ၅၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ဉတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၉/၂)၊ ညောင်လွန့်အထကကျောင်းရှေ့တွင် ယာဉ်(၂)စီးတိုက်မိပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အမျိုးသား(၁)ဦး ေ-သဆုံးတို့အား ပရဟိတသူနာတင်ယာဉ်များဖြင့် တပ်ကုန်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times