#Local_News
Published 17 October 2025
■ TNLA နှင့် PDF ပူးပေါင်းအဖွဲ့များက သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ထွက်ပြေးသွားကြောင်း သိရသည်။
■ TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် ၎င်းဒေသ တစ်ဝိုက်ကိုလည်း ခေတ္တစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ကိုပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် သီပေါမြို့ အဝင် Toll Gate သို့ ရောက်ရှိစဉ် မြို့တွင်းမှ မီးခိုးလုံးများ တွေ့ရှိသဖြင့် မြို့တွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အထက်ပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
■ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေးအတွက် မီးငြှိမ်းသတ်နိုင်ရေးနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့ ၊ ရွာများကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ယင်းသို့ဆောင်ရွက်ခဲ့ပြီး နောင်ချိုမြို့ကို ဇူလိုင်လ (၁၆) ရက်တွင် လည်းကောင်း၊ ကျောက်မဲမြို့ကို အောက်တိုဘာ (၁) ရက် တွင်လည်းကောင်း အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times