#Local_News
Published 12 February 2026

▪️ ယမန်နေ့ညကရန်ကင်းရှိ Stone KTV မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဖေဖော်ဝါရီလ၁၁ရက် ည ၂၂ နာရီ၄၃ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ Stone KTV မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရာ ည၂၃နာရီ ၂၉ မိနစ်အချိန် တွင် မီးငြိမ်းသတ်နိုင်ခဲ့‌ကြောင်းသိရသည်။

▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်း မှ No.3မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၆)ဦးထွက်ခွါ၍ မီးလောင်မှုဖြစ်ပွားရာနေရာတွင် မီးငြိမ်းသတ်ရေးလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့်အတူပူးပေါင်း၍လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times