#Local_News
Published 12 February 2025
▪️ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦးအား UEC က ဖေဖော်ဝါရီလ ၁၁ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ( ၈ ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ယင်းတွင် ကချင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၈ ဦး၊ ကယားပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ကရင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ချင်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး ။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၇ ဦးနှင့် ဗိုလ်ကြီး ၁၀ ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၆ ဦးနှင့် ဗိုလ်ကြီး ၆ ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၃ ဦးနှင့် ဗိုလ်ကြီး ၈ ဦး။ မွန်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၁၄ ဦး၊ ဗိုလ်ကြီး ၁၁ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၁၅ ဦးနှင့် ဗိုလ်ကြီး ၁၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၆ ဦး၊ ဗိုလ်ကြီး ၁၀ ဦး ဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times