#Local_News
Published 25 August 2025

▪️ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( SEA Game) တွင် မြန်မာနိုင်ငံကိုယ်စားပြု E-Sports အသင်းအဖြစ် Falconအသင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

▪️ SEA Game တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက်မြန်မာနိုင်ငံကိုယ်စားပြု
E-Sports အသင်းများကိုရွေးချယ်သည့်“National Esports Championship 2025” Grand Final ပြိုင်ပွဲကြီးကို ယမန်နေ့ကကျင်းပခဲ့ခြင်းဖြစ်သည်။

▪️ ပြိုင်ပွဲတွင် MLBB E-Sports ကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ရန်အတွက် MLBB အမျိုးသမီးပြိုင်ပွဲအဖြစ် Terror Queens Vs Falcon Daisies၊ MLBB အမျိုးသားပြိုင်ပွဲအဖြစ် Ai Esports Vs Falcon Esports တို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာ MLBB အမျိုးသမီးပြိုင်ပွဲတွင် Falcon Daisies အသင်းက Terror Queens အသင်းကို ၃-၂ရလာဒ်ဖြင့်လည်းကောင်း၊MLBB အမျိုးသားပြိုင်ပွဲတွင် Falcon Esports ကAi Esportsကို ၄-၁ ရလာဒ်ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိကာ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

▪️ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( SEA Game) တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Falcon Esports သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ရရှိခဲ့သည်။

#YMG/SW #Yangon_Times