၂၈ နိုဝင်ဘာ ၂၀၂၄

နိုင်ငံတကာရာဇဝတ်မှုတရားရုံးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တရားစွဲဆိုခွင့်မရှိဘူး လို့ တရုတ်နိုင်ငံက သွယ်ဝိုက်ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးအနေနှင့် ယင်းရဲ့ ဥပဒေများအရ အဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံတစ်ခုမှ နိုင်ငံသားများက အခြား အဖွဲ့ဝင်နိုင်ငံမဟုတ်သောပိုင်နက်တစ်ခုအပေါ် ကျူးလွန်သော လုပ်ရပ်အတွက်  တရားစီရင်ပိုင်ခွင့်မရှိဘူး   လို့  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက နိုဝင်ဘာ ၂၈ ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းတစ်ခုကိုပြန်လည်ဖြေဆိုတုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် သမိုင်းအရ၊လူမျိုးနွယ်များအရနှင့် ဘာသာရေးနောက်ခံများအရ ရှုပ်ထွေး လှသည့်ကိစ္စဖြစ်တယ်လို့လည်း မစ္စ မော်နင်းကပြောကြားခဲ့ပါတယ်။

အဲဒါကြောင့်  ရခိုင်ကိစ္စသည် နည်းလမ်းပေါင်းစုံဖြင့် ချင့်ချင့်ချိန်ချိန် ချည်းကပ်ဖြေရှင်းဖို့လိုအပ်ကြောင်း  လည်းသူမကဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ရင်းနှီးတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအနေနှင့်  ရခိုင်ပြည်နယ်မှာ အခြေအနေ ဖြစ်ပေါ်တိုးတက် မှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး အခြေအနေတွေတည်ငြိမ်ပြီး အရှိန်တွေလျော့သွားထို့ နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အတူဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အဆင်သင့်ရှိနေတယ်လို့ သူမကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးကို ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် အိုင်စီစီရဲ့ ရှေ့နေချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။