#Local_News
Published -18 August 2022

 

တောင်ကိုရီးယားအလုပ်အကိုင် (EPS)စာမေးပွဲကို ယခင်သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်နေပြီး ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းစာမေးပွဲဖြေဆိုမည့်သူများထံမှ သိရသည်။

 

EPSစာမေးပွဲကို သြဂုတ် ၁၆ရက်ကစပြီး ကျင်းပသွားမည်ဟု ကြေညာ ယထားပြီး သြဂုတ် ၁၈ရက်အထိ ပြုလုပ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

 

အဆိုပါ စာမေးပွဲကို ရွှေ့ဆိုင်းသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တရားဝင်ကြေညာထားခြင်းမရှိကြောင်း သိရသည်။

 

အဆိုပါ စာမေးပွဲကို ဖြေဆိုရန်လျှောက်လွှာတင်ထားသူ ၃၇,၀၀၀ ကျော်ရှိပြီး အောင်မြင်ခွင့်ရမည့်သူ ၁၀,၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးလာမှုကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်သူများပြားလာကာ ယင်းတွင် တရားမဝင် သွားရောက်နေသူ ပိုများနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group