#Local_News
Published -18 August 2022

ငွေလွှဲ၊ ငွေထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်နှင့် မိုဘိုင်းငွေကြေး လုပ်ငန်းများကို CCTV ကင်မရာ တပ်ဆင်ထားရန် ဗဟိုဘဏ် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

 

KBZ Pay ၊ Wave Money စသည့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်သည့်သူများအနေဖြင့် ငွေလွှဲငွေထုတ်သူတွေကို မှတ်တမ်းတင်ထားနိုင်ရန်နှင့် ဆိုင်များတွင် CCTV ကင်မရာတပ်ဆင်ခြင်း (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ယူထားရန် ဗဟိုဘဏ်က အသိပေးချက်ထုတ်ထားသည်။

 

ယင်းအပြင် ဩဂုတ်လ ၁၅ ရက်နေ့မှ စပြီး မိုဘိုင်းငွေစာရင်းအသစ်ဖွင့်လှစ်ခြင်းကို အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အရှေ့/အနောက်ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စတဲ့ Know Your Customer (KYC) အချက်အလက် အပြည့်အစုံ ရယူပြီးမှ ဖွင့်လှစ်ပေးရန်လည်း ညွှန်ကြားထားသည်။

 

ငွေလွှဲသူနှင့် ငွေလက်ခံသူများ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတွေ ငွေလွှဲပေးတဲ့ အကြောင်းအရင်းကိုလည်း အပြည့်အစုံရယူထားရန်လည်း အသိပေးထားသည်။

 

ymg/sth
#Yangon_Media_Group