#Local_News
Published_15 November 2022

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။

 

အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန်လုပ်သား ၇ ဦး ၊ ကုန်ထုတ်လုပ်သား ၂၄ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်း သိရသည်။

 

အလားတူ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ အစပိုင်းတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၁၃၆ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/STH
#Yangon_Media_Group