Published 30 November 2023

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များက စစ်သုံးအဆင့် Drone ဖြင့် Drop Bomb အလုံးပေါင်း ၂၅၀၀၀ ဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက် (ယနေ့)တွင် ပြုလုပ်သည့်နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၆/၂ဝ၂၃)တွင် ပြောသည်။

ယင်းက ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကိုသုံးသပ် ကြည့်မည်ဆိုပါက သာလွန် အင်အားများစုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံး ချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် Drop Bomb အသုံးပြုမှုမှာ ယခု အချိန်အ ထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရှိရကြောင်းယင်းကပြောသည်။

KIA အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအရ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ အစွန်းရောက်သည့် လူငယ်များအား KIA စခန်းများ၌ စစ်ရေးလေ့ကျင့်ပေးခြင်း၊ တပ်များဖွဲ့စည်း ပေးခြင်း နှင့် လက်နက်ခဲယမ်းများတပ်ဆင်ပေးခြင်းများကို အသစ်ဖွဲ့စည်းသည့် KIA တပ်မ ဟာ(၈) က အဓိကဆောင် ရွက်ခဲ့ ပြီး PDF နှင့် ပူးပေါင်းကာစစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်း ဒေသကြီး တို့တွင် ယခုအချိန်အထိ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။

ယင်းအပြင် ကိုးကန့်ဒေသတွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေချိန်၌ ကချင် ပြည် နယ်အတွင်းရှိ တပ်မတော်စခန်းငယ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်း၌ AA အဖွဲ့များပါ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ ကန့်ဘလူ၊ ကော လင်း၊ တမူး၊ ခမ်းပတ် ၊ ချင်းပြည်နယ်ဟားခါး၊ လိုင်လင်းပီ မြို့များကိုပစ်ခတ် တိုက်ခိုက်မှု များလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

TNLA အဖွဲ့ အနေဖြင့်လည်း မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်း ပေါ်ရှိ နောင်ချို၊ သိန္နီမြို့ ၊လားရှိုးမြို့တို့တွင် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကာ ယခုအခါ မူဆယ်ကိုလည်း လာရောက် တိုက် ခိုက်လျက်ရှိကြောင်း ၎င်းကပြောသည်။

နစကအနေဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ဆူပူမှု နှင့် အကြမ်းဖက်မှုများကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုဆောင်ရွက်သည့် စစ်ဆင် ရေးတွင်လည်း အထူးကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အတွက် လုံခြုံရေးအရ တပ်ဖွဲ့ဝင်များထား ရသည့် နေရာများသို့ MNDAA နှင့်ပူးပေါင်းအဖွဲ့များက Drop Bomb များဖြင့်တိုက်ခိုက် ခြင်း၊ သာလွန်အင်အား များဖြင့် တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစု ဝင်များ၏ အသက်အန္တရာယ်လုံခြုံရေးအရ အချို့ နေ ရာများကို စွန့်ခွာပေးခဲ့ကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှအထင်အမြင် မလွဲမှားစေရန် ကန့်သတ် ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူအရပ်သားအပြစ်မဲ့ ပြည်သူများမထိခိုက်အောင် လည်း ဆောင် ရွက်ခဲ့ရခြင်းများလည်းရှိကြောင်းလည်း ယင်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်လာခဲ့ခြင်းမှာ ကျားဖျန့်ဟုခေါ် သည့် အွန်လိုင်းလောင်းကစားများမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ၊ AA အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်တွင် နီပွန်ဖောင်ဒေးရှင်းမှ စေ့စပ်စီစဉ်ပေးမှုဖြင့် ပစ် ခတ်တိုက်ခိုက်မှုများရပ်စဲပေးခဲ့ပြီး တစ်ဖက်မှလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားခြင်းမှ ရုတ်သိမ်းပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ AA အဖွဲ့အနေဖြင့် လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ အုပ်ချုပ်မှုကိစ္စရပ်များတွင်ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်စ ခန်းများ တိုးချဲ့ဆောက်လုပ်လာခြင်းကြောင့် အကြိမ်ကြိမ်သတိပေး ဆောင် ရွက်ခဲ့ရကြောင်း၊ မိုခါမုန်တိုင်း ဝင်ရောက်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူ ထောင်ရေး လုပ်ဆောင်ရာ ယခုအခါ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော်လည်း AA အဖွဲ့အနေဖြင့် သစ္စာမရှိဘဲ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူညီချက်ကိုချိုးဖောက်ကာ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်ပါဝင်ခဲ့ပြီး မကြာခင်က ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခု နှင့် ပေါက်တောမြို့နှင့် ရဲစခန်းအချို့ ကို လည်း သာလွန် အင်အားများဖြင့် တိုက်ခိုက်ခဲ့ရာယခု ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်မှစတင်ပြီး KNPP/KNDF ကယားပြည်နယ် လွိုင်ကော်မြို့သို့ အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း သတင်းပေးမှုအရ အချို့အဖွဲ့ များကိုချေမှုန်းတိုက်ခိုက်နိုင်ခဲ့ ကြောင်း၊ အဆိုပါတိုက်ပွဲ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ၎င်းတို့အတွက် ကြိုတင်စု ဆောင်း သည့် လက်နက်အလက် ၅၀၀ နှင့်ခဲယမ်းများကိုဟိုပုံးမြို့နယ်အတွင်းဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်ကလည်း လက်နက်မျိုးစုံ ၁၃၀ လက် ၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြားခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း ယင်းကပြောသည်။

ကယားပြည်နယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်လျက်ရှိသော လက်နက်ခဲယမ်း များကို ဖမ်းဆီးရမိ မှုများရှိခဲ့သဖြင့် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို အတိုင်း အတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းပင်ဖြစ်ပြီး လက်ရှိ အချိန်တွင် ပြန်လည်ထိန်းချုပ်ထားနိုင် ခဲ့ပြီဖြစ် ကြောင်းကို လွိုင်ကော်ဒေသကို အသိပေး လိုပါ ကြောင်းလည်းပြောကြားခဲ့သည်။

KNU အဖွဲ့နှင့် ကြီးမားသည့် တိုက်ပွဲများ မဖြစ်ပွားသည်မှာ ကြာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးတွင် ထိုအချိန်က ဥက္ကဋ္ဌဖြစ်သူ စောမူတူးစေး ဖိုး အား ဖြုတ်ချ၍ ဖဒိုကွယ်ထူးဝင်း ဥက္ကဋ္ဌ အဖြစ်တက်လာခဲ့ပြီးနောက် KNLA တပ်မဟာ ၅ ၊ တပ်မဟာ ၆ တို့သည် NCA လမ်းကြောင်းပေါ်မှ သွေဖယ်ခဲ့ပြီး တပ်မတော်တပ်စခန်းငယ်များနှင့် မြဝတီ၊ ကော့ကရိတ်မြို့ တို့ကို တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက် တွင် KNLA တပ်မဟာ ၅ အနေဖြင့် တပ်မတော် တပ်စခန်းတစ်ခုကို အင်အား အလုံး အရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၆ အနေဖြင့် နိုဝင်ဘာလ ၂၇ ရက် တွင် ကျိုက်မရော မြို့နယ်ရှိ ချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

အလားတူ UWSA အဖွဲ့အနေဖြင့် ၁၉၈၉ ခုနှစ်တွင် ဥပဒေဘောင်အတွင်း သို့ဝင်ရောက်၍ ငြိမ်းချမ်းရေးယူခဲ့ပြီး နိုင်ငံတော်အနေဖြင့် “ဝ” ဒေသကို အထူးဒေသ (၂) အဖြစ် သတ်မှတ်ပေးခဲ့ကာဒေသအတွက် လိုအပ်သည့် ဆန်များကိုလည်း စဉ်ဆက်မပြတ်ထောက်ပံ့ပေးပို့ခဲ့ကြောင်း၊ သို့သော်လည်းလွန်ခဲ့သည့် ၁၀ စုနှစ်မှစ၍ “ဝ” ဒေသသည် သိသိသာသာ ဖွံ့ဖြိုး တိုးတက်လာကာလက်နက်ထုတ်လုပ်မှုများကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်းလည်းနစက ဥက္ကဌက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစု စည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်း ပေးခြင်း၊ လက်နက်ခဲယမ်းမီး ကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင် လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက် ရှိသည်ကို တွေ့မြင်ရကြောင်း နစက ဥက္ကဌက ပြောကြားခဲ့သည်။
Yangon_Times/PP
#Local_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group