Published 30 November 2023

   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံနှင့်မြောက်ဒဂုံမြို့ရှိ ထားဝယ်ချောင် အမှိုက် ပုံတို့မှ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

     ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၏ ထိန်ပင်နှင့်ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းနှင့် လျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းလုပ်ဆောင်ရန်ဆောင်ရွက်နေကြောင်းသိရသည်။

  အဆိုပါ စီ မံကိန်းနှင့်ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးအား ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှ Dr.Won Seunghyun နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ၂၉ရက် က စီမံကိန်းနှင့်ပက်သက်သည်များ ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

   ထိုသို့တွေ့ဆုံစဉ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် GES တို့ပူးပေါင်း ဆောင်ရွက်ခဲ့သော ဖြစ်နိုင်ခြေလေ့လာမှု(Feasibility Study) များအရ ထိန်ပင်အမှိုက်ပုံနှင့် ထားဝယ်ချောင် အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်း စတင်မည့်အချိန်ကာလနှင့်ပြီးစီးမည့် အချိန်ကာလအခြေအနေများ၊ စီမံကိန်းလုပ်ငန်းအား အဆင့်(၃)ဆင့် ခွဲခြားဆောင်ရွက်မည့်အခြေအနေများကို ညှိနှိုင်းဆွေးခဲ့ကြောင်း သိရသည်။

  ထို့ပြင်လျှပ်စစ်ထုတ်လုပ်မည့် နည်းပညာနှင့်ပတ်သက်သည့်အခြေအနေများနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက ရရှိလာမည့် ဓာတ်အားပမာဏ အခြေအနေများ၊ ထိန်ပင်အမှိုက်ပုံနှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ အမှိုက်များအား ဓာတ်ခွဲစမ်းသပ်ပြီးစီးမှုအခြေအနေများ၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ၏ အရွယ်ပမာဏအား လျှော့ချနိုင်မည့်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းအပေါ် ရရှိလာမည့်အကျိုးအမြတ် ခွဲဝေနိုင်မည့် အခြေအနေများကို  လည်း ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Loacl_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group