#LocalNews
Published _ 18 november 2022

 

 

ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mart အနီး ဆေးလိပ် အစားထိုးသုံးစက်ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ယနေ့ နိုဝင်ဘာလ ၁၈ရက် နံနက်ပိုင်းက အုပ်စုဖွဲ့၍ ဖောက်ထွင်းမှုကို ခံခဲ့ရကြောင်း သိရသည်။

 

ယနေ့ နံနက် ၃ နာရီ ၅၃ မိနစ်ခန့်က House Of Flavors အမည်ရှိ အဆိုပါဆိုင်ကို လူ ၆ ဦးက ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

 

အဆိုပါဆိုင်တွင် ညအိပ်စောင့်သော ဝန်ထမ်းတစ်ဦးအား အိပ်ငွေ့ချကာ ဖောက်ထွင်းဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ဆိုင်မှတန်ဖိုးကြီးသည့် ပစ္စည်းများကို သယ်ဆောင်သွားကြကြောင်းနှင့် လူကိုမူ အန္တရာယ်မပေးခဲ့ကြောင်း သိရှိရသည်။

 

ကျူးလွန်သူများမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဆိုင်နောက်ဖေးမှန် တံခါးရှိ သံပန်းကို ဖျက်ဆီးကာ ဆိုင်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ ကာလတန်ဖိုး သိန်း (၇၀) ကျော်ကို ယူဆောင်သွားခဲ့ကြောင်း အဆိုပါ ဖောက်ထွင်းခံရသည့် လုပ်ငန်းလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။

 

လက်ရှိအချိန်တွင် ဖောက်ထွင်းခံရမှုကြောင့်ပုဇွန်တောင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။

 

#ymg/NN
#Yangon_Media_Group