#Local_News
Published 11 December 2024


▪️ ယနေ့ဒီဇင်ဘာလ၁၁ရက်၌ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

▪️ ပထမအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံနက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံမြန်မာစံတော်ချိန်နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့်ရှိ  မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ယနေ့ တစ်ရက်အတွင်း မြေငလျင်လှုပ်ခတ်မှု နှစ်ခုအပါအဝင် ယခုလအတွင်းငလျင် ငါးကြိမ်ခန့်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ၁ရက်က ကြံခင်းမြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ အင်အားရစ်(ခ်) တာစကေး ၄.၉အဆင့်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့အနီး အင်အားရစ်(ခ်) တာစကေး (၃.၈)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ရက်က သိန္နီမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိမြေငလျင်တွင် နေအိမ်တချို့အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times