#Local_News
Published 11 December 2024

▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အ‌နေဖြင့် နိုင်ငံခြား‌ငွေကြေးစျေးကွက် ( FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။

▪️ ထိုသို့ ရောင်းချပေးရာတွင်  သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅) သန်းနှင့် ထိုင်းဘတ် သန်း (၄၀) ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။

▪️ ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁. ၂၅၈) သန်းကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီး ယခုဘဏ္ဍာနှစ်၏ (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times