#Local_News
Published 9 October 2024


▪️ မြန်မာ့‌ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍AFC/MFF "A" Diploma Coaching Course - Module I နည်းပြသင်တန်းကို ရန်ကုန်မြို့၌  ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

▪️ အဆိုပါ  သင်တန်းကို ဒီဇင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်သည်။

 

▪️ အဆိုပါသင်တန်း တက်ရောက်သူများသည် AFC B (သို့မဟုတ်) AFC/MFF B အောင်လက်မှတ်ရရှိပြီးသူ၊ နည်းပြသက်တမ်းအနည်းဆုံး(၂)နှစ်ရှိရမည်ဖြစ်ပြီး နာရီ (၈၀)စာ log book တင်သွင်းခြင်းစသည့်အရည်အချင်းများနှင့်ပြည့်စုံရမည်ဖြစ်‌‌ကြောင်း သိရသည်။

 

▪️ ထို့အပြင် ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ပြီး လက်ရှိတွင် အသင်းနည်းပြတာဝန်ထမ်းဆောင်နေသူများအား ဦးစားပေး ရွေးချယ် မည်ဖြစ်ကာ အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ၎င်းအပြင်  ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင်သူ ဖြစ်ရမည်ဖြစ်ကာ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် Module – I သင်တန်း ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်းငါးသောင်း (၂၅၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင့်ငါးရာ (USD 1500) ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သင်တန်းသား အမည်စာရင်းကို အာရှဘောလုံး အဖွဲ့ချုပ်သို့ အချိန်မီတင်ပြရမည် ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသော အထက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သင်တန်းဝင်ခွင့် လျှောက်လွှာကို အောက်တိုဘာ  ၁၅ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Coach Education)သို့  ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times