#Local_News
Published 9 October 2024

▪️ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့နယ်များရှိ ရဟန်းရှင်လူများ စုပေါင်း၍ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သိန်းထောင်ကျော်လှူဒါန်းခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

 

▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်မှ ကျေးရွာနှစ်ရွာ၊ တပ်ကုန်းမှနှစ်ရွာ၊ရမည်းသင်းမှ ကျေးရွာခုနှစ်ရွာ၊ ပျော်ဘွယ်မြို့အရှေ့ဘက်ရှိ လျှော်ဖြူကုန်းရွာ၊ သာစည်မြို့ ကြက်စခန်း ရွာ၊ ကလောမြို့ရှိ သဖန်းဆိပ်ရွာ၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာ ခုနှစ်ရွာ၊ အင်းလေးဒေသရှိ ကျေးရွာတစ်ရွာစသည်ဖြင့် ရေဘေးသင့်ဒေသမြို့(၇)မြို့ရှိ ရွာ(၂၂)ရွာကို ‌ရေဘေးပြန်လည်ထူထောင်ရေးအလှူဖြင့် စုစုပေါင်းသိန်း၈၀၀ ကိုထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ပစ္စည်းတန်းဖိုး သိန်း၅၀၀ကျော်ကိုလည်း လှူဒါန်းခဲ့‌ကြောင်းသိရသည်။

 

▪️ အဆိုပါ လှူဒါန်းမှုများသည် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မော်လမြိုင်မြို့သူ/မြို့သားများ၊ ကျိုက်မရောမြို့ရှိကျေးရွာများမှဆရာတော်၊ရဟန်သံဃာတော်များ၊ ဒါယကာ၊ ဒါယကာမများပြည်တွင်း/ပြည်ပအလှူရှင်များ၏စုပေါင်းအလှူအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလှူဒါန်းမှုများအတွက် အင်းလေးနန်းဦးလယ်ခြေဘုန်းကြီးကျောင်းမှအလှူ ရေစက်ချလှူဒါန်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times