#Local_News
Published 3 July 2025

▪️ တပ်မတော်မှ တိုက်လေယာဉ်တစ်စင်း ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

▪️ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက် ညအချိန်၌  တပ်မတော်မှ တိုက်လေယာဉ် တစ်စင်းခရီးဝေးလေ့ကျင့်ပျံသန်း‌နေစဉ် နေပြည်တော် အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ရေဒါမြင်ကွင်းကပျောက်ကွယ်ကာ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း၊ ပဏာမစစ်ဆေးချက်အရ စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း ယေဘုယျ မှတ်ချက်ချပြီး ဆက်သွယ်မှုပြတ်တောက်ရာ နေရာတဝိုက်သို့ ရာသီဥတုဆိုးရွားလျက်ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရှာဖွေနေကြောင်း သိရသည်။

#YMG/SW #Yangon_Times