#Local_News
Published 3 July 2025

▪️ ယခုလ ၇ရက်နေ့မှစတင်ကာ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ၌ ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားသည်။

▪️ သို့သော် ထိမ်းမြားလက်ထပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားကောင်စစ်ဝန်ဆိုင်ရာလုပ်ငန်းများကိုအပတ်စဥ်တိုင်း၏ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိအား လျှောက်လွှာများလက်ခံပြီး မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိအား ကျသင့်ငွေလက်ခံခြင်းနှင့် သက်ဆိုင်ရာလက်မှတ်များထုတ် ပေးခြင်းများကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ငလျင်ကြီးဖြစ်ပွားပြီး‌ေနာက်ခေတ္တရပ်နားထားသည့်ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာကိစ္စများကို ယခုပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရုံးတက်ရက်များ၏ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအတွင်း ဖုန်း 0095-9401470875, 0095-2-2000251 နှင့် သီးသန့် အီးမေးလ်ဖြစ်သော This email address is being protected from spambots. You need JavaScript enabled to view it. တို့သို့ဆက်သွယ်မေးမြန်းနိုင်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times