#Local_News
Published 29 July 2025
▪️ ၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိထားကြောင်းနိုင်ငံပိုင်သတင်းစာများမှ တဆင့် အသိပေးကြေညာထားသည်။
▪️ အဆိုပါဝက်ဘ်ဆိုက်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့်ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက်လွှင့်တင်ထားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထို www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည့်အပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင်ရွေးချယ်ကာ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times