#Local_News
Published 29 July 2025

▪️ လာမည့်ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြ‌ေကြာင်း သိရသည်။

▪️ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်၍ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုံခြုံရေး၊ သွားလာနေထိုင်စားသောက်ရေး၊ အုပ်ချုပ်မှုနှင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့သည်။

▪️ ထို့ပြင်ပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ဝိုင်းဝန်းကူညီပံ့ပိုးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times