#Local_News
Published 1 May 2025
▪️ မန္တလေးစာဖြေဌာနတွင် ဇူလိုင်လ၌ပြုလုပ်မည့် ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ(JLPT)ကို ရန်ကုန်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ထုတ်ပြန်ထားသည်။
▪️ JLPTစာမေးပွဲ ကျင်းပမည့် မန္တလေးစာဖြေဌာနများတွင် ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အအုံများ ပြန်လည်စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများအတွက် အချိန်ကြာမြင့်မည်ဖြစ်ရာ လာမည့် ဇူလိုင်လတွင် စာမေးပွဲကျင်းပရန် အခက်အခဲများရှိသည့်အတွက် မန္တလေးစာဖြေဌာနများ၌ ဖြေဆိုရန် လျှောက်ထားခဲ့သည့် စာဖြေသူများအနေဖြင့် Level အားလုံးကို ရန်ကုန်မြို့တွင် ပြောင်းလဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မန္တလေးစာဖြေဌာန၌ လျှောက်ထားခဲ့သူများအနေဖြင့် ရန်ကုန်စာဖြေဌာန၌ ပြောင်းလဲဖြေဆိုလိုခြင်း မရှိပါက စာမေးပွဲဖြေဆိုရန် လျှောက်ထားမှုကို ပယ်ဖျက်နိုင်ပြီး စာမေးပွဲကြေးပေးသွင်းငွေကိုလည်း ပြန်လည် ထုတ်ယူရန် လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားမှုကို ပယ်ဖျက်လိုသူများအနေဖြင့် Google Form မှတဆင့် ဧပြီ ၂၅ ရက်နေ့မှ မေလ ၁၂ ရက်နေ့ ညနေ၄ နာရီ အချိန်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲကြေးပြန်လည်လွှဲပြောင်းပေးမည့်ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ထိုသတ်မှတ်ကာလတွင် Google Form ဖြင့် ပယ်ဖျက်ကြောင်း စာရင်းပေးသွင်းလာခြင်းမတွေ့ရှိရပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုသူအဖြစ်စာရင်းသွင်း သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times