#Local_News
၁ မေ ၂၀၂၅

▪️ ကမ္ဘာ့အသံရုပ်မြင်နှင့်ဖျော်ဖြေရေး ထိပ်သီးတွေ့ဆုံပွဲ ၂၀၂၅WAVES 2025 / World Audio Visual and Entertainment Summit ကို အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့ရှိ Jio World Convention Center တွင်ကျင်းပနေရာ အိန္ဒိယဝန်ကြီးချုပ် မိုဒီတက်ရောက်အမှာစကားပြောကြားပြီး ဘောလီဝုဒ်အကျော်အမော်များ၊ ဖျော်ဖြေရေးလောကမှထင်ရှားကျော်ကြားသူများတက်ရောက်နေသည်။

▪️ အဆိုပါပွဲသို့ မြန်မာနိုင်ငံမှ ပြန်ကြားရေး ဒုတိယဝန်ကြီးဦးရဲတင့်နှင့်အတူ မြန်မာမီဒီယာများတက်ရောက်နေပြီး ကမ္ဘာတစ်လွှားမီဒီယာများ ၊ အစိုးရတာဝန်ရှိသူများ၊ ဖျော်ဖြေရေးလုပ်ငန်းများမှ စိတ်ပါဝင်စားသူများ တစ်သောင်းကျော်တက်ရောက်နေသည်။
#YMG #Yangon_Times #Yangon_Media_Group