#Local_News
Published 9 May 2025

▪️ မန္တလေး ငလျင်ကြောင့် ရပ်ဆိုင်းလိုက်ရသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဇွန်လအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။

▪️ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသည့်  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

▪️ အဆိုပါ  အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ  ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times